အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အသက်(၄၀)ကျော်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (AstraZeneca) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အသက်(၄၀)ကျော်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (AstraZeneca) ထိုးနှံပေး

 



MNP - ဧပြီ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်း အသက်(၄၀) ကျော်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (AstraZeneca) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် နိုင်ငံ့ဝန်ထမ်းများအား သွေးတိုး၊ နှလုံး၊ ဆီးချို ရှိ မရှိ မေးမြန်းပြီး အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ကာ ဆေးထိုးပေးခဲ့ကြပြီး ဆေးထိုးစုရပ်တွင် နာရီဝက်ခန့် အနားယူပြီးမှ ပြန်လည်ထွက်ခွာစေကြောင်း သိရသည်။

"ကျွန်မတို့က ကိုဗစ်ရောဂါကာကွယ်ဆေး COVISHIELD ကို ပထမကြိမ်ထိုးနှံပြီးပါပြီ အခုက ဆေးထိုးပြီးတာ ၆ လ ကျော်ပြီဖြစ်တဲ့အတွက် အသက် (၄၀)ကျော်တွေထိုးလို့ရတဲ့ (AstraZeneca)ကာကွယ်ဆေးကို ဒုတိယအကြိမ်မြောက် လာရောက်ထိုးနှံတာ ဖြစ်တယ်လို့" မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဒေါ်အေးအေးမူက ပြောသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၉၀ ရာခိုင်နှုန်းကျော် ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)