MNP - ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ယူဆောင်ရွက်ရမည့် အခမ်းအနားမှူး ကောင်းတစ်ယောက် ဖြစ်လာစေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ဦးစီးအရာရှိ ဒေါ်သီတာအောင်က သင်တန်းသား၊ သူ (၂၀)ဦးတို့အား အခမ်းအနားမှူး ကောင်း တစ်ယောက်တွင်ရှိရမည့် အရည်အချင်း၊ အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာ သုံးစွဲပြောကြား တတ်စေရေး၊ ကြိုတင်ပြင်ဆင်မှု၊ အစမ်းလေ့ကျင့်မှု၊ အချိန်ကိုက်မှုနည်းများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချသည်။
အဆိုပါ သင်တန်းကို ဧပြီ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment