MNP - ဧပြီ ၂၃
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး ၆ လပြည့်သူများအား ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့တော်ခန်းမတွင် ကာကွယ်ဆေးထပ်ဆောင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် တောင်ကြီးမြို့နေ ကာကွယ်ဆေးထိုးပြည်သူများအား မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာဝန်ထမ်းများက စာရင်း မှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျန်းမာရေး စစ်ဆေး ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ထပ်ဆောင်းကာကွယ် ထိုးနှံခြင်းကို မြို့တော်ခန်းမတွင် ဧပြီလ ၂၁ ရက်မှ ၂၃ နေ့အထိ ၃ ရက် တိုင်တိုင်ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် တောင်ကြီးမြို့နယ်အတွင်း ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်နိုင်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment