ပဲခူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိ




MNP - ဧပြီ    ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အ.ထ.က(၅)စာစစ်ဌာန၌  ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒ ဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီတွင် ကျောင်းသားကျောင်းသူ(၂၂၂၂)ဦး အေးချမ်းစွာဆက်လက် ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၉၁ ဒသမ ၆၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာ၌ ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက်  ပဲခူးခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)