MNP - ဧပြီ ၅
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၈) နှစ်ထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိုက်ထွန်းမှကြီးကြပ်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်(၄)ရပ်ကွက်နှင့် ကတွန်၊ သဲဖြူကုန်း၊ ထန်းပင်ချောင်းကြီး ကျေးရွာများရှိ ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးရန် လာရောက်သည့်ဒေသနေပြည်သူများအား စာရင်းရေးသွင်းခြင်း၊ မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်အနေဖြင့် စုစုပေါင်း (၁၁၀) ဦးကို စတင်ထိုးနှံပေးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလ (၂) ရက်နေ့တွင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - တင်ဇာစိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment