မြိတ်မြို့တွင် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ စတင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့တွင် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ စတင်ကျင်းပ

 



MNP - ဧပြီ   ၃၀

၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း၌ စာဖြေဌာန အသီးသီးတွင် ဧပြီလ(၃၀)ရက်မှ စတင်၍ အစိုးရဓမ္မာစရိယစာမေးပွဲကို (၉)ရက်တိုင်တိုင် ကျင်းပပြီး ပါဠိပထမပြန်စာမေးပွဲကို (၇)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ မြိတ်စာဖြေ ဌာနကို မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယနေ့ နေ့လယ်ပိုင်းက စတင်ကျင်းပလျက်ရှိသည်။

အစိုးရဓမ္မာစရိယစာမေးပွဲကို မြိတ်စာဖြေဌာနတွင် သံဃာတော်(၅၁)ပါးနှင့် သီလရှင်(၈)ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားကြပြီး ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းနှင့် မြန်မာဂုဏ်ထူး (၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃) ကျမ်းစာမေးပွဲကို ဖြေဆိုရမည့် နေ့ရက်များအလိုက် ဖြေဆိုကြမည် ဖြစ်ရာ စာမေးပွဲများကို ဩဝါဒစရိယဆရာတော် (၉)ပါး၊ အထူးကြီးကြပ်ရေးဆရာတော် (၆)ပါးနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့တွင် ဆရာတော်(၆)ပါး၊ ခရိုင်သာသနာရေးမှူးနှင့် တာဝန် ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီး ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း (၃)ကျမ်းဖြစ်သည့်  ပါရာဇိကကဏ္ဍပါဠိ အဌကထာ၊ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဌကထာတို့ကို ဧပြီလ(၃၀)ရက်မှ မေလ(၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး (၃)ကျမ်းကို မေလ(၇)ရက်မှ (၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပါဠိပထမပြန်စာမေးပွဲကို မေလ(၇)ရက်မှ (၁၃)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာမေးပွဲများကို နေ့ရက်အလိုက် ဘာသာ ရပ်စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)