MNP - ဧပြီ ၃ဝ
မိုးကုတ်မြို့နယ်တွင် ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို မိုးကုတ်မြို့မဟာမြတ်မုနိဘုရား ဓမ္မာရုံ၌ ဧပြီလ ၃ဝ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ စာဖြေသံဃာတော်များမှ မိမိတို့စာရင်းပေးသွင်း ထားသည့် ကျမ်းစဉ်များအလိုက် ဖြေဆိုတော်မူကြပြီး ယနေ့ ဧပြီလ ၃ဝ ရက်နေ့တွင် ဓမ္မာစရိယစာတန်း၊ ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာဘာသာရပ်တွင် ဖြေဆိုမည့်စာရင်းရှိသံဃာ ၄၆ ပါးရှိသည့်အနက် ၃၇ ပါးဖြေဆိုရာဖြေဆိုမှု ရာခိုင်နှုန်း ၈၀.၄၃% ဖြေဆိုတော်မူကြပြီး မြို့နယ်သံဃနာယကအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ နယ်သာသနာရေးဦးစီးဌာနတို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် အေးချမ်းစွာဖြေဆိုတော်မူလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။
သတင်း - ကျော်ဇေယျာမြင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment