ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံ (Mobile Phone) ပြုပြင်နည်းသင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံ (Mobile Phone) ပြုပြင်နည်းသင်တန်းဆင်းပွဲကျင်းပ

 




MNP - ဧပြီ   ၃၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သင်ကြားခဲ့သည့် အခြေခံ (Mobile Phone)  ပြုပြင်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁) နာရီတွင် အဆိုပါ လူထုအခြေပြုဗဟိုဌာန၌ ကျင်ပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အခြေခံ (Mobile Phone) ပြုပြင်နည်း ပညာရပ်များဟာ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရပ် တစ်ခုဖြစ်တဲ့အတွက် သင်တန်းသားများအနေနဲ့ သင်တန်းက သင်ကြားပြသပေးခဲ့တာတွေအပြင် မိမိတို့ကိုယ်တိုင်ကလည်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ဆည်းပူးနေကြဖို့ လိုအပ်ကြောင်းဖြင့် သင်တန်းဆင်းအမှာစကား ပြောကြား ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားခေါင်းဆောင်ထံ ပေးအပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်သူများအတွက် အကျိုးပြုစေမည့် ဘာသာစကားသင်တန်း များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းများ၊ ကွန်ပျူတာသင်တန်း များ၊ အစည်းအဝေးဆွေးနွေးပွဲများနှင့် ပြပွဲ/ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ လူငယ်များအတွက် လက်တွေ့နယ်ပယ်တွင် အမှန်တကယ်အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင် စေရေးအတွက် ရည်ရွယ်၍ ယခုကဲ့သို့ အခြေခံ (Mobile Phone) ပြုပြင်နည်းသင်တန်းများကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

သင်တန်းတွင် မိုဘိုင်းဖုန်းနှင့် ပတ်သက်၍ ပျက်စီးမှုများသည့် အစိတ်အပိုင်းများ ပြုပြင်ခြင်းနှင့် Hardware, Software ပိုင်းဆိုင်ရာ နည်းပညာများကို သင်တန်းကာလ ရက်(၂၀)ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး ဌာနအတွင်းရှိ ဝန်ထမ်း(၇)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)