Pages

Pages

နတ်မောက်မြို့နယ်တွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၌ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး အေးချမ်းစွာ ဥပုသ်သီလခံယူဆောက်တည်


MNP - ဧပြီ    ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံကြည်သူများက ဘုန်းတော်ကြီးကျောင်းများ၊ တရားခန်းများသို့ သွားရောက်ပြီး ဥပုသ်သီလခံယူ ဆောက်တည်ကုသိုလ်ဒါန ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူး မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ မြို့ပေါ်ရပ်ကွက်များရှိ ဒီပင်္ကရာစာသင်တိုက်၊ ဘုရားကြီးကျောင်းတိုက်၊ မြို့မဘုန်းတော်ကြီးကျောင်း၊ ဘုရားသုံးဆူကျောင်းတိုက်၊ ရန်အောင်မြင ်ဘုန်းတော်ကြီးကျောင်း၊  ရွှေဘုံသာဘုန်းတော်ကြီးကျောင်း၊  ရိပ်သာကျောင်းတိုက်နှင့်အခြားသော ဘုန်းတော်ကြီးကျောင်းများသို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ သက်ကြီးရွယ်အို အဘိုး/အဘွားများ၊ ဒေသခံပြည်သူများမှ ဘုရားကျောင်းကန်များသို့ သွားရောက်ပြီးသင်္ကြန်ကာလ အခါသမယ၌ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်းများအား စိတ်အေးချမ်းသာစွာ ကောင်းမှုကုသိုလ်ပွားများအားထုတ်လျက်ရှိပြီး ကုသိုလ်ဒါနအဖြစ် ဥပုသ်သီလ ဆောက်တည်သူများအား စတုဒိသာ ထမင်း၊ ဟင်းများ၊ ဂျင်းသုတ်၊ ဖျော်ရည်အအေးများ၊ မြန်မာ့ရိုးရာမုန့်များဖြစ်သည့် မုန့်လုံး၊ သာကူကြို၊ မုန့်လက်ဆောင်၊ ရွှေရင်အေးများ ဖြင့်အလှူရှင်များမှ စတုဒီသာကုသိုလ်ပြုကျွေးမွေး လှူဒါန်းသူများဖြင့် စည်ကားလျှက် ရှိကြောင်းသိရသည်။

သတင်း - သင်းသင်းမြတ်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment