Pages

Pages

ဂွမြို့နယ်တွင် ဇွဲမာန်လူမှုကူညီရေးအသင်းက ကြီးမှူး၍ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ






MNP ၊ ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဇွဲမာန်လူမှုကူညီရေးအသင်းက ကြီးမှူး၍ တတိယအကြိမ် မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို  နှစ်ဆန်းတစ်ရက် ယနေ့ညနေ၅နာရီခွဲ အချိန်က  ဇွဲမာန်လူမှုကူညီရေးအသင်းရှေ့ မြေကွက်လပ် ၌ ကျင်းပခဲ့ကြောင်းသိရသည်။ 

ရှေးဦးစွာ အခမ်းအနားကို ဖွင့်လှစ်ပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား ဘိုးဘွားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက်  သက်ကြီး အဘိုး၊ အဘွားများအား  ကန်တော့ချိုးဖြင့် လက်အုပ်ချီမိုးရှိခိုးခဲ့ကြပြီး အလှူငွေများ လှူဒါန်းခဲ့ကြသည်။  

အဆိုပါသက်ကြီးပူဇော်ပွဲသည် မြို့မရပ်ကွက်အတွင်းရှိ အသက်(၇၅)နှစ်အထက် အဘိုးအဘွား(၆၀)ဦးအား စုစုပေါင်း ငွေကျပ် ၂၄သိန်းနှင့် လှူဖွယ်ပစ္စည်းအပါဝင်  စုစုပေါင်းတန်ဖိုး ၂၆သိန်း ကျော် လှူဒါန်း နိုင်ခဲ့ကြောင်းနှင့်  ကန်တော့ခံ မတက်ရောက်နိုင်သည့် အဘိုးအဘွားများအား  အိမ်တိုင်ရာရောက်သွားရောက် ကန်တော့သွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးမြင့်ဌေး၏ ပြောကြားချက်အရ သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment