Pages

Pages

ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နဝမအသုတ်၊ ပထမအကြိမ် ဆက်လက် ထိုးနှံပေး



MNP - ဧပြီ  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း‌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ နဝမအသုတ်၊ ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် သံဃာတော်များ၊ သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဦးတည်အုပ်စု ပါဝင်သူများနှင့် အသက် ၁၈ နှစ်အထက်ပြည်သူများအား လူမျိုးမရွေး မြို့နယ်ပြည်သူ့ဆေးရုံ၊ ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

သတင်း - မျိုးဝင်းညို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment