MNP - ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ် မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူများ ပုဂံမြို့၊ ညောင်ဦးမြို့တို့တွင် ဖွင့်လှစ်ထား ရှိသည့် ဟိုတယ်/မိုတယ်များတွင် တည်းခိုနိုင်ရန် ကြိုတင်ချိတ်ဆက်ထားမှု ၈၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ) တာဝန်ရှိသူထံမှ သိရသည်။
ညောင်ဦးမြို့နယ်တွင် ခရီးသွားဘုရားဖူးပြည်သူများ အလွယ်တကူသွားရောက် ဖူးမြော်နိုင်ရန် ပြန်ကြားရေးကောင်တာသုံးခု ဖွင့်လှစ်ထားရှိပြီး သွားရောက်လိုသည့်ခရီး စဉ်နေရာဒေသများ အား ပြန်ကြားရေးကောင်းတာများတွင် စုံစမ်းနိုင်ပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)မှ ဝန်ထမ်းများက ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ပုဂံမြို့၊ ညောင်ဦးမြို့တို့ တွင် ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ်/မိုတယ် ၆၃ လုံး၊ ဧပြီ ၁၂ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့ အထိ ကြိုတင်ချိတ်ဆက် တည်းခိုနေထိုင်နိုင်ရေး ဟိုတယ်အားလုံး ပြည့်သွားပြီဖြစ်ကြောင်း၊ ဧပြီ ၈ရက်နေ့မှစတင်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွားဘုရားဖူးများ လာရောက်မှုများပြားလာပြီး သင်္ကြန်အကြိုကာလများမှပင် ခရီးသွားများ အလွန်များပြားလာခဲ့ ခြင်းကြောင့် ဒေသခံဈေးရောင်း/ဈေး ဝယ်များ၊ အီးဗိုက်၊ မီနီအိုဝေ၊ မြင်းလှည်း၊ စက်လှေ၊ ကားအငှားလိုက်သူများ အဆင်ပြေလျက်ရှိနေကြကြောင်း မြင်းလှည်းအငှားလိုက်သူ ဦးရွှေမောင်က ရှင်းပြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရင်း၊ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်း/ ပြည်ပဘုရားဖူးများ အဆင်ပြေစေရန် ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ဖွင့်လှစ်ထားရှိသည့် သတင်းပြန်ကြားရေးကောင်တာသုံးခုနှင့် မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ပြသသည့် Visiting Myanmar Virtual Reality Tour စင်တာများတွင်လည်း လာရောက်စုံး စမ်းမေးမြန်းသူ များပြား လာခဲ့ကြောင်း၊ ဟိုတယ်/မိုတယ်များ တည်းခိုနေထိုင်ကြဖို့ကြိုတင် ချိတ်ဆက်ထားမှု ၈၀ ရာခိုင်နှုန်း ကျော်ရှိနေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရ သည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment