Pages

Pages

သထုံခရိုင်အတွင်း မဟာသင်္ကြန်အတက်နေ့၌ မီးသတ်ဦးစီးဌာမှ သောက်သုံးရေ လိုက်လံလှူဒါန်း




MNP - ဧပြီ    ၁၆

မွန်ပြည်နယ်၊ သထုံခရိုင် အတွင်းရှိ ပေါင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် မဟာသင်္ကြန် အတက်နေ့၌ မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် သောက်သုံးရေပေးဝေ လှူဒါန်းမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် မီးသတ်ဦးစီးဌာန၏ စီမံဦးဆောင်မှုဖြင့် သထုံခရိုင်အတွင်းရှိ ပေါင်မြို့နယ် ကျွဲခြံကျေးရွာ၊ သာသနာကျွန်း ဘုန်း‌တော်ကြီးကျောင်းသို့ ရေဂါလန်(၁၆၀၀)နှင့် ဘီးလင်းမြို့နယ် ကန်သာယာရပ်ကွက်၊ ဒေးခင်တောင်ပေါ်ရှိ စင်္ကြာမုနိဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန်(၈၀၀) တို့ကို မြို့နယ်အသီးသီးရှိ မီးသတ်တပ်ဖွဲ့ဝင်များတို့က ရေသယ်ယာဉ်များဖြင့် သွားရောက် လှူဒါန်းခဲ့ကြသည်။

သထုံခရိုင်အတွင်း မြို့နယ် (၄)မြို့နယ်တို့တွင် မီးသတ်ဦးစီးဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်း အနေဖြင့် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများ ပြည်သူ သုံးရေကန်များနှင့် ရေရှားပါရာနေရာများသို့ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်မှ စတင်ကာ အပတ်စဉ် မြို့နယ်အလိုက် လိုက်လံလှူဒါန်းလျက်ရှိကြောင်း၊ ဆက်လက်၍လည်း အပတ်စဉ် ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment