MNP - ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းကုလားပဲသီးနှံ စိုက်ဧက (၃၁၁၁၈)ဧက စိုက်ပျိုးခဲ့ကြောင်းသိရှိရပြီး ဒွေးလှကျေးရွာမှ ကုလားပဲစိုက်တောင်သူများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိသဖြင့်အဆင်ပြေလျက်ရှိကြောင်းနှင့် ကုလားပဲသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၈)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃)ကုလားပဲများ အဓိက ထား စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ တန်းဆွဲစနစ်၊ ဘောင်စိုက်စနစ်ဟူ၍ အမျိုးမျိုး စိုက်ပျိုးကြကြောင်းသိရှိရကာ ကုလားပဲ(၁)ဧကစိုက်ပျိုးပါက ထယ်ရေးပြင်ခ ငွေကျပ်(၅)သောင်း ငါးထောင်၊ စိုက်ပျိုးခ(၁)သောင်းငါးထောင်ကျပ်၊ မျိုးစေ့ဖိုး(၄)သောင်း ငါးထောင်ကျပ်၊ ရိတ်သိမ်း/ သယ်ယူ/ ခြွေလှေ့ခ (၃)သောင်းရှစ်ထောင်ခုနှစ်ရာကျပ် ကုန်ကျကြောင်း တောင်သူ ကိုယဉ်မင်းထွန်းက ပြောပြသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကုလားပဲသီးနှံများကို တိုက်နယ်(၁)တွင်(၁၈၉၅)ဧက၊ တိုက်နယ်(၂)တွင် (၂၀၀၃)ဧက၊ တိုက်နယ် (၃)တွင်(၄၁၆၈)ဧက၊ တိုက်နယ်(၄)တွင်(၁၅၈၁)ဧက၊ တိုက်နယ်(၅)တွင် (၂၄၃၁)ဧက၊ တိုက်နယ်(၆)တွင်(၃၃၄၅)ဧက၊ တိုက်နယ်(၇)တွင်(၁၁၄၅)ဧက တိုက်နယ်(၈)တွင်(၄၃၀၇) ဧက၊ တိုက်နယ်(၉) တွင်(၁၀၇၇)ဧက၊ တိုက်နယ်(၁၀)တွင်(၂၈၈၆)ဧက၊ တိုက်နယ်(၁၁)တွင် (၂၄၆၁) ဧက၊ တိုက်နယ်(၁၂)တွင် (၃၈၁၉)ဧက၊ စုစုပေါင်း(၃၁၁၁၈)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကုလားပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့်အထွက်နှုန်း ကောင်းမွန် စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ နည်းပညာများစနစ်တကျပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် (၁)ဧကထွက်နှုန်းမှာ မြေအမျိုးအစားနှင့် အပင်အပြုအစုအပေါ် မူတည် ပြီး တစ်ဧက(၁၂)တင်း မှ(၂၅)တင်းအထိထွက်ရှိပြီး၊ ရောင်းဈေးအနေဖြင့် (၁)တင်းလျှင်ငွေကျပ် (၄) သောင်းသုံးထောင်မှ (၄)သောင်း ငါးထောင်ကျပ် ရောင်းရသဖြင့် ကုလားပဲစိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment