မိုင်းယောင်း၌ မြို့နယ်သံဃနာယကသြဝါဒခံယူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယောင်း၌ မြို့နယ်သံဃနာယကသြဝါဒခံယူပွဲ ကျင်းပ



MNP -  ဧပြီ   ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် သုခါ သံဃဿ သာမဂ္ဂီ၊ မြို့နယ်သံဃနာယက သြဝါဒခံယူပွဲကို ယမန်နေ့က မိုင်းယောင်းမြို့ ကျက်သရေ ဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပြောင်း မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။

သုခါ သံဃဿ သာမဂ္ဂီ၊ မြို့နယ်သံဃနာယကသြဝါဒခံယူပွဲသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိ ယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောနှင့် မြို့နယ်သံဃာ့ဝန် ဆောင် ဆရာတော်များ ကြွရောက်တော်မူကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟိန်းဇော်ဦး၊  သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝေ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းယောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလဝကမှူး ဦးသန်းဇော်ဝင်း၊ မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျဲန်နှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်၊ ကျေးရွာ တာဝန်ခံ အုပ်ချုပ်ရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။

အစည်းအဝေးသို့ ကြွရောက်တော်မူ လာကြသည့် သံဃာတော်များအား အမှတ်(၈)ရပ်ကွက်မှ အလှူရှင် မိသားစုက အချိုရည်နှင့် သောက်တော်ရေ၊ သုံးတော်ရေများကို ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

သတင်း - စိုင်းအောင်ဇော်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)