Pages

Pages

အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ပန်းတနော်မြို့၌ ကျင်းပပြုလုပ်



MNP - ဧပြီ    ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ စေတနာရှင်များပူးပေါင်း၍ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များမှ သက်ကြီးဘိုးဘွားများအား ဩကာသကန်တော့ချိုးဖြင့် ပူဇော် ကန်တော့ပြီး သက်ကြီးဘိုးဘွား တစ်ဦးလျှင် အလှူငွေကျပ် ၂၀၀၀၀ နှုန်း၊ ပဝါ(၁)ထည်စီဖြင့် စုစုပေါင်း သက်ကြီးဘိုးဘွား (၈၅)ဦးတို့အား ပေးအပ်လှူဒါန်းကာ ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

ထို့နောက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတစ်ဦးမှ ကျေးဇူးတင်ဆုပေးစကား ပြောကြားကာ ကြွရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်ပရိတ်သတ်များအား မေတ္တာပို့သခဲ့ကြောင်း သိရသည်။

သတင်း - ပြည့်ဖြိုးကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment