Pages

Pages

ပိုင်ကျုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လိုက်လံအသိပေး နှိုးဆော်



MNP - ဧပြီ   ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ည ၅ နာရီမှစ၍ နယ်‌မြေမီးသတ် ဦးစီးဌာနမှ မြို့‌ပေါ်ရပ်ကွက်များတွင် လိုက်လံအသိ‌ပေးနှိုးဆော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နယ်‌မြေမီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များရှိ   ပြည်သူများအနေဖြင့်  နွေရာသီရောက်လာပြီ ဖြစ်ပါ၍  ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ   မီးဘေးအန္တရာယ် မကျရောက်စေရန်အတွက် လျှပ်စစ်မီး၊   မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား    ညအိပ်ချိန်တွင် သတိထား၍  စနစ်တကျ ငြှိမ်းသတ်ရန်၊  လျှပ်စစ်မီး ပြတ်တောက်နေသည့်အချိန်တွင် မီးခလုတ်များအား သေချာစွာပိတ်ထားရန်၊ နေအိမ်များအလိုက် မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်း များထားရှိဆောင်ရွက်ထားရန်၊   နေအိမ်ခြံဝင်းအတွင်းရှိ   အမှိုက် များအား   စနစ်တကျရှင်းလင်းထားရန်နှင့်    မီးဘေး အန္တရာယ်ကြုံတွေ့လာပါက    အမြန်ဆက်သွယ် အကြောင်းကြားရမည့် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များအား လိုက်လံအသိပေး နှိုးဆော်လျက်ရှိသည့်အပြင် နယ်မြေမီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးဆိုင်များ၊  စက်မှု လက်မှုလုပ်ကိုင်သူများ၊ သင်္ဘောကျင်း၊ လွန်းလုပ်ငန်းများတွင်လည်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးဟောပြောခြင်း၊   စစ်ဆေးခြင်းနှင့်   မီးငြှိမ်းသတ်ခြင်းများကိုလည်း လက်တွေ့သရုပ်ပြသ   ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

သတင်း - နော်ခူး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment