Pages

Pages

မြန်မာနှစ်ဆန်းတစ်ရက်‌နေ့တွင် ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိ







MNP ၊ ဧပြီ ၁၇

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကားလျက်ရှိပြီး မြို့ကျက်သရေဆောင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ( ၂၆၀၄)နှစ်မြောက် ဗုဒ္ဓပုဇနိယပွဲတော်ကျင်းပလျက်ရှိရာ ဧပြီလ ၁၀ ရက် နံနက်ပိုင်းမှစ၍  ဒေသခံပြည်သူများအပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ထို့အပြင် ပဲခူးမြို့အတွင်း စေတီတော်များဖြစ်သည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး၊  သမိုင်းဝင် ရွှေသာလျောင်း၊ စိန်သာလျောင်း၊ မြသာလျောင်း၊ မဟာစေတီ၊ ရွှေဂူလေးဘုရား၊ မဟာကြီး၊ ကိုသိန်းကိုးသန်းဘုရား၊ ကျိုက်ပွန်စေတီတော်မြတ်ကြီးများတွင်လည်း ဘုရားဖူးလာ ပရိသတ်များက ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြပြီး ဘုရားကြီးတွင် ဂုဏ်တော်များနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကြပြီး သကြင်္န် ရုံးပိတ်ရက်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်နီးရပ်ဝေး ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment