Pages

Pages

ဘီးလင်းမြို့နယ်၌ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ







MNP ၊ ဧပြီ ၁၇

သထုံခရိုင် ဘီးလင်းမြို့နယ်တွင် မြန်မာ နှစ်ဆန်းတစ်ရက်နေ့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီး အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားကို ယနေ့ညနေ  ၃ နာရီက မြို့နယ်သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သက်ကြီးပူဇော်ပွဲသို့ တက်ရောက်လာကြသူများက  နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးသိုက်ထွန်းက ပူဇော်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် ဘီးလင်း မြို့ပေါ် (၅) ရပ်ကွက်ရှိ အသက် (၈၀)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား (၂၇၅) ဦးတို့အား ပူဇော်ကန်တော့ခဲ့ကြပြီး  သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က အလှူငွေများကို အဘိုးအဘွား တစ်ဦးချင်းထံ ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုး ဦးဟန်ကြူနှင့် အဘွား ဒေါ်လှအေးတို့က ဆုတောင်း သြဝါဒ စကားများ ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။ 


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment