ရပ်စောက်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး




MNP - ဧပြီ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကင်းဝေးစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ဗီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးရောဂါ စသည့်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ် ဆေး)နှင့် ပိုလီယိုအကြောသေ ရောဂါကာကွယ်ဆေးတို့ကို တိုက်ကျွေးပေးခဲ့ကြကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်မိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - ရဲထက်ဦး

မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)