ကသာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများက ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများက ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆို


MNP - ဧပြီ    ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထဝီဝင် ဘာသာရပ်)ကို ဧပြီလ(၇)ရက်နေ့၊ နံနက်(၉) နာရီအချိန်မှစ၍ အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်၌  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် စာစစ်ဌာန(၂)ခု ဖွင့်လှစ်ထားရှိပြီး ပထဝီဝင် ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၈၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ ကျောင်းအတွင်းအပြင် လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးနှင့် ပတ်သက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင်  စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)