Pages

Pages

ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးများ ဆက်လက်ထိုးနှံပေး



MNP - ဧပြီ    ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ထိုးနှံရန်မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅) လမ်းထိပ်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်‌‌ရေးမှူး ရုံးဟောင်းရှေ့ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်း၍ အသက်၁၈ နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးရာ Astrazeneca ထိုးနှံသူ (၂၅) ဦး၊  Covidshield ထိုးနှံသူ (၅၉ ) ဦး၊ Booster Dose ထိုးနှံသူ (၉၈) ဦး စုစုပေါင်း (၁၈၂) ဦးအား ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ပေးနေမှုကိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က အနီးကပ်ကြီးကြပ်ပြီးကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေး ထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာများမဖြစ်စေရေးအတွက် အပူချိန် တိုင်းပေးခြင်း၊‌ သွေးပေါင်ချိန်‌ပေးခြင်းနှင့် ဆေးထိုးပြီးပါက နာရီဝက်ကြာ ခေတ္တနားစေခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

သတင်း - ရွှေဇင်ခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment