Pages

Pages

ပေါက်ခေါင်းမြို့၌ နွေရာသီအင်္ဂလိပ်စာ(Four skills)အခြေခံသင်တန်း အခမဲ့ဖွင့်လှစ်



MNP - ဧပြီ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ဓမ္မသော်ကျေးရွာတွင် ၂၀၂၂ ခုနှစ် နွေရာသီ အင်္ဂလိပ်စာ(Four skills) အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အထက.ဓမ္မသော် ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းဇော်ဝင်း၊ စီမံကိန်းရေးစွဲရေး ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နီနီထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်နှင့် ဓမ္မသော်တိုက်နယ် ဆရာဝန်ဦးမျိုးမင်းဇော် တို့က အမှာစကားများ အသီးသီးပြောကြားပြီး၊ အထက.ဓမ္မသော်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်က ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာအခြေခံကို သိရှိနားလည်စေရန်၊ အင်္ဂလိပ်စာ သင်ယူလိုက်ခြင်းအားဖြင့် ကိုယ်ပိုင်အတွေးအခေါ်များ ထက်သန်လာစေရန်နှင့် အင်္ဂလိပ်စာကို ကိုယ်တိုင် ရေးသားလာနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ရန်ကုန်(International  language and Business Centre)မှ Class teacher ဒေါ်အိရွှေရည်မောင်က မိတ်ဆက်စကားပြောကြားသည်။

အဆိုပါသင်တန်းသို့ Grade 5 မှ Grade 11 ထိ သင်တန်းသား၊ ကျောင်းသား/ ကျောင်းသူ(၅၃)ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ ဧပြီလ ၂၆ ရက်မှ မေလ ၃၁ ရက်ထိ အင်္ဂလိပ်စာ အခြေခံများကို အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment