MNP - ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြ နန်းတော်ကုန်းကျေးရွာတွင် တောင်သူ ဦးသန်းစိန်နှင့် (၆)ဦး၏ လယ်မြေ ဧက(၂၅)ဧကတွင် ယနေ့၊ ဧပြီလ (၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ကြဲပက်စိုက်ပျိုး သရုပ်ပြပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ ရုပ်ဂုဏ်သတ္တိ တိုးတက်ကောင်းမွန်စေရန်၊ မြေဆီလွှာအတွင်းရှိ အကျိုးပြု အနုဇီဝပိုးများ ရှင်သန်တိုးပွားစေရန်၊ မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ရန်၊ ပေါင်းပေါက်ရောက်မှု သက်သာစေရန်၊ ဓာတုမြေဩဇာ သုံးစွဲမှုလျော့ချနိုင်ရန်နှင့် စိုက်ပျိုးစရိတ်သက်သာစေရန် ရည်ရွယ်၍ စိုက်ပျိုး ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်မြေအသုံးချရေးတာဝန်ခံက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ စုစုပေါင်း(၅၁)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
သတင်း - အေးအေးအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment