ပြည်မြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းများ ကွင်းဆင်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းများ ကွင်းဆင်းဖွင့်လှစ်



MNP - ဧပြီ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများ၏ ဘက်စုံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍  စိုက်ပျိုးရေးဆိုင်ရာနည်းပညာ သင်တန်းများ ဖွင့်လှစ်ဆွေးနွေး ပို့ချခြင်းကို ဧပြီလအတွင်းကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဧပြီ ၂၇ ရက်နေ့တွင် ကုန်းသာလင်း ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဌာန တာဝန်ရှိသူထံမှသိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကျေးရွာအုပ်စုဓမ္မာရုံ၌ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့်  "မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ နေကြာအထွက် တိုးရေး၊ အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်ပုံ ပြုလုပ်နည်းနှင့် ကြံအထွက်တိုးရေး "စသည့်စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ဝန်ထမ်းများက ယင်းနေ့မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ စာတွေ့/လက်တွေ့ သင်တန်းဖွင့်လှစ် ဆွေးနွေး ပို့ချ‌ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်မြို့နယ်တွင် ကုန်သာလင်းကျေးရွာအုပ်စုအပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၀ ခု၌လည်း အလားတူ စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်၍ တောင်သူများအား စနစ်ကျသည့်စိုက်ပျိုးရေးနည်းပညာများမျှ‌ဝေခြင်းကို ဧပြီလပထမ ပတ်က စတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက် ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)