မချမ်းဘော့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မချမ်းဘော့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်



MNP - ဧပြီ    ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ယခုနှစ် ဧပြီလကုန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မချမ်းဘော့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ယခုလပထမအပတ်မှ စတင်၍ စုရပ်အလိုက် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေး ဦးဆောင်သော အဖွဲ့နှင့် မချမ်းဘော့မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဧပြီလ(၉)ရက်နေ့တွင် မချမ်းဘော့မြို့ အမှတ်(၄)ရပ်ကွက်ရှိ ခရစ်တော်၏ အသင်းတော်ဘုရားကျောင်း၊ မချမ်းဘော့မြို့နယ်အတွင်းရှိ ခန်ကျိုကျေးရွာနှင့် ကောင်းမှု လုံကျေးရွာနေပြည်သူ (၇၀)ဦးကိုလည်းကောင်း၊ ဧပြီလ(၁၀)ရက်နေ့တွင် မချမ်းဘော့မြို့ အမှတ်(၄) ရပ်ကွက်ရှိ ကာရာနီအေဂျီအသင်းတော်ဘုရားကျောင်းဝင်း၊ မချမ်းဘော့မြို့နယ်အတွင်းရှိ နမ်ဆဘွမ် ကျေးရွာနှင့် နမ်ခမ်ကျေးရွာနေပြည်သူ(၁၁၀)ဦး အသက် (၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူစုစုပေါင်း (၁၈၀)ဦးတို့ကို ကာကွယ် ဆေးကွင်းဆင်း ထိုးနှံပေးခဲ့သည်။

ထို့အပြင် ကာကွယ်ဆေးထိုးနှံရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး နှင့်တာဝန်ရှိသူများက ပြည်သူ လူထုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားမှသာ ရောဂါပိုးကူးစက်ခံရသည့်အခါ ခံနိုင်ရည်ရှိမည်ဖြစ်ပြီး အသက်ဆုံးရှုံးမှုအန္တရာယ်လည်း ကာကွယ်ပေးနိုင် မည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြသည့်အပြင် ကျန်းမာရေးဆိုင်ရာ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ အားဆေးများ ထောက်ပံ့ပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။        

သတင်း - ဖုန်ကန်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)