မီးလောင်မှုကြောင့် ထိခိုက်ခံစားရသည့်အိမ်ထောင်စုအား ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီးလောင်မှုကြောင့် ထိခိုက်ခံစားရသည့်အိမ်ထောင်စုအား ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွားရောက်ထောက်ပံ့



MNP - ဧပြီ    ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံမြောက်တွင် ဧပြီလ ၈ ရက်နေ့က လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စု(၁)စု အတွက် ယနေ့နံနက် ၈ နာရီက အဆိုပါ မိသားစုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သောမိသားစုသုံး ပစ္စည်း(Family kit)(၁)ပုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)ပုံး၊ နေအိမ်ပြန်လည်ဆောက်လုပ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများစုံနှင့် အမျိုးသမီး တစ်ကိုယ် ရည်သန့်ရှင်းရေးသုံး ပစ္စည်း(၁)စုံတို့ကို မြစ်ကြီးနားမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ် တပ်ဖွဲမှူး ဦးတန်ရှန်နှင့် တပ်ဖွဲဝင်များက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မီးဘေးသင့်အိမ်ထောင်စုသည် ဧပြီ ၈ ရက် ညနေပိုင်းတွင် နေအိမ်ရှိ တီဗီမီးအားထိန်းစက် (Safe guard)အပူလွန်ကဲရာမှ အနီးရှိ အိမ်ထရံသို့ မီးကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၃၀ပေ × ၂၅ ပေ) သွပ်မိုး၊ ထရံကာ၊ အုတ်ခင်း (၁)ထပ်နေအိမ်တစ်လုံး၊ (၁၅ပေ × ၁၀ ပေ)သွပ်မိုး၊ ထရံကာ၊ အုတ်ခင်း(၁)ထပ်နေအိမ်တစ်လုံးအပါဝင် Honda Fit ကားတစ်စီး မီးလောင်ဆုံရှုံးခဲ့ကြောင်း သိရှိရသည်။

သတင်း - စိန်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)