Pages

Pages

ကျိုက်ထိုမြို့၊ မိုးကုတ်ရိပ်သာ၌ (၁၇) ကြိမ်မြောက် ဓမ္မာနုပဿနာသင်္ကြန်တွင်းတရားစခန်းဖွင့်လှစ်




MNP - ဧပြီ   ၁၇

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်ကံ့ကော်ရပ်ကွက် ရှိ မိုးကုတ်ရိပ်သာတွင် (၁၇) ကြိမ်မြောက် ဓမ္မာနုပဿနာ သင်္ကြန်တွင်းတရားစခန်းကို တစ်ပတ်ကြာ ဖွင့်လှစ်လျက်ရှိရာ အေးချမ်းစွာ တရားလာရောက်အားထုတ်သူ များပြားလျက်ရှိကြောင်း သိရသည်။

တရားလာရောက်အားထုတ်သူများကို ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး၏ နည်းနာ ဥပနိဿယများအတိုင်း အရှင်မုနိန္ဒ (လင်းလက်ကြယ်ဆရာတော်) ဓမ္မာစရိယ သာသနဝုနိက ရကထိကမိုးကုတ် နယ်လှည့်ဓမ္မကထိကနှင့် အရှင်နာရဒဓမ္မာစရိယ ဓမ္မကထိကဆရာတော်      တို့မှ ဝိပသနာတရားတော်မြတ်အား နေ့စဉ်ဟောကြားပြသပေးပြီး အလှူရှင်များတို့က တရား စခန်း ဝင်ရောက်အားထုတ်သူ သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်ယောဂီများတို့အား ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများတို့ကို လှူဒါန်းခြင်း၊ ဝေယျာဝစ္စကုသိုလ်ယူခြင်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်‌နေကြလျက်ရှိသည်။

အဆိုပါ တရားစခန်းကို ဧပြီလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ တစ်ပတ်ကြာ ဖွင့်လှစ်နေပြီး မြို့နယ်အတွင်းရှိ ရဟန်းရှင်လူ ယောဂီသူတော်စင် (၁၁၀) ဦးတို့က တရားစခန်း ဝင်‌ရောက်ကာ ဘာဝနာတရား‌တော်များကို အေးချမ်းစွာ ကျင့်ကြံအားထုတ်ကြလျက်ရှိကြောင်း သိရသည်။

သတင်း - ဝင်းမောင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment