Pages

Pages

နှစ်ဆန်းတစ်ရက်နေ့ မန္တလေး မဟာမြတ်မုနိဘုရားကြီးတွင် လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိ




MNP - ဧပြီ    ၁၇

နှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးအား အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြော်သူများကြောင့် စည်ကားလျက်ရှိကြောင်း သိရသည်။

"ဘုရားကြီးကို နံနက်(၄)နာရီက ညနေ(၆)နာရီခွဲအထိ ဖွင့်လှစ်ပေးထားပြီး ဘုရားကြီးကို ရွှေင်္သကန်း ကပ်လှူပူဇော်မည်ဆိုပါက နံနက်(၆)နာရီမှညနေ(၃)နာရီခွဲအထိ ကိုဗစ်စည်းကမ်းနှင့်အညီ mask တပ်ခြင်း၊ တစ်ဦးနဲ့တစ်ဦး စနစ်တကျ တန်းစီခြင်းစသည့် စည်းကမ်းချက်များနှင့်အညီ ကပ်လှူပူဇော်နိုင်ရန် စီစဉ်ပေးထားကြောင်းနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် ရွှေသင်္ကန်းကပ်လှူ ပူဇော်သူများပြားသဖြင့် သတ်မှတ်နေရာများတွင်စောင့်ဆိုင်းစေကာ (၅)ယောက်တစ်ဖွဲ့နှုန်းဖြင့် ဝင်ရောက်ကပ်လှူ ပူဇော်စေကြောင်း သိရသည်။

မဟာမြတ်မုနိဘုရားကြီးအား နေ့စဉ်  ဖွင့်လှစ်ပေးထားလျက်ရှိရာ ဘုရားကြီးသို့ ရွှေသင်္ကန်းကပ် လှူပူဇော်သူများ၊ ရေသပ္ပါယ်သူများ၊ ပန်းဥယာဉ်အတွင်း အပန်းဖြေကြသူများ၊ ငါးစာ၊ လိပ်စာ ကုသိုလ်ပြုကြသူများ၊ ပြတိုက်လေ့လာကြသူများ၊ နံ့သာသွေးသူကုသိုလ်ရှင်များ၊ ဈေးသည်၊ ဈေးဝယ်များ အစရှိသဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment