Pages

Pages

ဆင်ပေါင်ဝဲမြို့တွင် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားနာယူခြင်းနှင့် သက်ကြီးပူဇော်ပွဲကျင်းပ

 



MNP - ဧပြီ    ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သည့် နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားနာနှင့် သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက်၇ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းသံဃာဝန်ဆောင်ဆရာတော် အဂ္ဂမ္မဟာတဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလမှသြဝါဒ ချီးမြှင့်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်တို့လား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး သက်ကြီးပူဇော်ပွဲကို ကျင်းပရာ မြို့နယ်ရပ်ကွက်များမှ(၈၅)နှစ်အထက်ဘိုးဘွား (၅၃)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်၊ အလှူရှင်များက ငွေနှင့်ပစ္စည်းများလှူဒါန်း၍ ပူဇော်ကန်တော့ကြပြီး အမှတ်(၁)ရပ်ကွက်မှ အဘိုးဦးဆယ်တင်က ဆုတောင်း စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ခန့်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment