MNP - ဧပြီ ၁၉
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် ၁/၂၀၂၂ကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့သစ်ရပ်ကွက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများအား ကော့မှူးမြို့နယ် လူထုအခြေပြု ဗဟိုဌာနတွင် ရှေးဦးသူနာပြုစုနည်း အပါအဝင် အခြားသင်တန်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့တပ်ဖွဲ့မှူး ဦးအောင်ကျော်စိုးက ကြက်ခြေနီတပ်ဖွဲ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာပုံ အဆင့်ဆင့်တို့အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသားသင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၁၈ရက်နေ့မှ ဧပြီ ၂၀ရက်နေ့အထိ သင်တန်းသား/သင်တန်းသူများအား သင်တန်း ဆရာ/ဆရာမများက စာတွေ့လက်တွေ့အဖြစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကော့မှူးသား
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment