ငပုတောမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပုတောမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို



MNP -  ဧပြီ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်ကို စာစစ်ဌာန (၁၄)ခုတွင် ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုကြသည်။

ငပုတောမြို့နယ်တွင် စာမေးပွဲ သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးအပါအဝင် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။

အဆိုပါတက္ကသိုလ်ဝင်တန်း စာမေးပွဲ သတ္တမနေ့ ပထဝီဝင်ဘာသာရပ်အား အထက- ငပုတော စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၂၃၉ )ဦးရှိပြီး ပျက်ကွက်သူ ( ၂၂)ဦးရှိကြောင်း အ.ထ.က ငပုတော စာစစ်ဌာန တာဝန်ရှိသူထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)