မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့ပေါ်လူငယ်များစုပေါင်း၍ မြို့မဗဟိုမဏ္ဍပ်တည်ဆောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့ပေါ်လူငယ်များစုပေါင်း၍ မြို့မဗဟိုမဏ္ဍပ်တည်ဆောက်



MNP - ဧပြီ  ၁၀

မအီမြို့တွင် မိမိတို့မြို့ရွာဒေသတွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့မဗဟိုမဏ္ဍပ်တည်ဆောက်နေခြင်းကို ယခုလဆန်းပိုင်းမှစတင်၍ မအီမြို့ပေါ် လူငယ်များစုပေါင်းပြီး တည်ဆောက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ မြို့မဗဟိုမဏ္ဍပ်ကို အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းလေးနှင့် မြို့ပေါ်လူငယ်များ စုပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဗဟိုမဏ္ဍပ်တွင် သီဆိုဖျော်ဖြေရန် အတွက် တောင်ကုတ်မြို့မှ FINGERSPLUS တီးဝိုင်းနှင့် အသံချဲ့စက်များကို ကျပ်သိန်း(၃၀)ဖြင့် ငှားရမ်းထားရှိပြီး သီချင်းများကို ကြိုတင်ဇာတ်တိုက်လေ့ကျင့်နေပြီဖြစ်ပါကြောင်း၊ ဗဟိုမဏ္ဍပ်ကို သင်္ကြန်ပြီးဆုံးသည်အထိ စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထွေထွေကုန်ကျ မည့်စရိတ်ကို ကျပ်(၃၅)သိန်းခန့် ပျမ်းမျှလျာထားပါကြောင်း၊ ယခုအချိန်တွင် ဖော်ပြပါဗဟိုမဏ္ဍပ် အောင်မြင်စွာရပ်တည်နိုင်ရေးအတွက် မအီမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ကျပ်(၅)သိန်းထည့်ဝင် မတည်ပေးပြီး ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီနှင့် ဗဟိုမဏ္ဍပ်ကို အကောင်အထည်ဖော်ဆောင်ရွက် ကြသည့် မအီမြို့ပေါ်လူငယ်များမှ (၁၀)သိန်းကျပ်ကို ထည့်ဝင်မတည်ထားပြီးဖြစ်ပါကြောင်း၊ မအီမြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်များကလည်း တစ်ဦးချင်းအလိုက် အသီးသီးပံ့ပိုးမှုများ ရှိကြပါ ကြောင်း၊ သင်္ကြန်ကာလအတွင်း ဖျော်ဖြေရေးကဏ္ဍပ်များအတွက် တစ်ခြားကုန်ကျစရိတ် လိုအပ်ချက်များ များစွာရှိပါ၍ ထောက်ပံ့မတ်တည်ပေးမည့်စေတနာရှင်များ လိုအပ်နေပါသေးကြောင်း တို့ကို အဆိုပါ မြို့မဗဟိုမဏ္ဍကို အကောင်အထည်ဖော်ဆောင်ရွက်သည့် ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေး ကော်မတီမှ ကိုကျော်စွာထွန်းက ပြောကြားခဲ့သည်။

သတင်း - မာင်မောင်ဌေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)