အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိသည့် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုမန၏ ဂုဏ်ပြုပူဇော်ပွဲသို့ နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိသည့် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုမန၏ ဂုဏ်ပြုပူဇော်ပွဲသို့ နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့်အဖွဲ့ တက်ရောက်



MNP - ဧပြီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ စက်ရုံဓမ္မရိပ်သာကျောင်းတိုက်တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်သော “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရရှိသည့် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုမန၏ ဂုဏ်ပြုပူဇော်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် အဆိုပါ ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုပူဇော်ပွဲတွင် နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်း/ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကာ ဧည့်ပရိတ် သတ်များက နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အဆိုတော် စိုးစန္ဒာထွန်းက ရတုပိုဒ်စုံဖြင့် သီဆိုပူဇော်ခဲ့ကြောင်း၊ ဆက်လက်ပြီး ဧည့်ပရိတ်သတ်များကဆရာတော် ဘဒ္ဒန္တသုမနထံမှ (၅)ပါးသီလခံယူကြပြီး၊ တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသောဘိက ဩဝါဒခံယူခဲ့ကြသည်၊၊

ထို့နောက် နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်က သာသနာရေးဆိုင်ရာများ လျှောက်ထား၍ အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်အား ထပ်ဆင့်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ဆရာတော် ဘဒ္ဒန္တသောဘိနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဧည့်ပရိတ်သတ်များက မော်လမြိုင်ကျွန်း မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ရေစက်ချတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

သတင်း - ဟိန်းထက်လင်း 

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)