ကျောက်ကြီးမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအား ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအား ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းထိုးနှံပေး



MNP - ဧပြီ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Astrazeneca 10 Dose ကို ကျေးရွာများအရောက် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား အရှိန်ဟုန်မပျက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအား မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဧပြီလ ၂၃ ရက်နေ့ကစတင်ပြီး ယနေ့အထိ ညောင်ပင်သာကျေးရွာအုပ်စု၊ မီးတိုင်တောကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းပင်ဆိပ်ကျေးရွာအုပ်စုနှင့် တုံးကြီး ကျေးရွာအုပ်စုအတွင်းရှိ သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား အရှိန်အဟုန်မပျက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလကုန်ပိုင်းအထိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ကျေးရွာအုပ်စုများရှိ သတ်မှတ်စုရပ်များတွင် လာရောက်ထိုးနှံနိုင်ကြောင်းသိရသည်။

ဒေသခံပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံရန်ကျန်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအား လာရောက်ထိုးနှံနိုင်ပြီး၊ ကျန်းမာရေးဦးစီးဌာနက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းသက်သေခံစာရွက် လက်ဝယ်ရောက်ရှိကိုင်ဆောင်ထားရန်လိုအပ်ကြောင်း၊ အဆိုပါကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းသက်သေခံစာရွက် မရရှိထားပါကခရီးသွားလာရေးများ၊ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ရာတွင် အခက်အခဲရှိနိုင်ကြောင်းနှင့် မြို့အဝင် မြို့အထွက် စစ်ဆေးရေးဂိတ်များထားရှိပြီး ၎င်းစာရွက်ဖြင့် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာရွက်အား ခရီးသွားလာရာတွင်လည် ကိုယ့်နှင့်မကွာ ဆောင်ထားရမည်ဖြစ် ကြောင်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)