Pages

Pages

အီမြို့၌ မဟာသင်္ကြန်အကြတ်နေ့ အတာသင်္ကြန်ရေကစားသူ စည်ကားများပြား










MNP ၊ ဧပြီ  ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊  တောင်ကုတ်မြို့နယ်၊  မအီမြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ဒါနပြုသူများ၊ ရပ်ကွက်/ကျေးရွာများအတွင်း စတုဒိသာ ဧည့်ခံကျွေးသူများရှိပြီး မအီမြို့ရှိ အထင်ကရနေရာများရှိ မဏ္ဍပ်ငယ်များနှင့် မအီမြို့လယ် ရန်ကုန်<-->ကျောက်ဖြူလမ်းမဘေးရှိ မြို့မဗဟိုမဏ္ဍပ်တွင် သီဆို  ကပြ ဖျော်ဖြေမှုများဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသူများ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။


အဆိုပါမြို့မဗဟိုမဏ္ဍပ်သို့ မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦကျော်ပု၊ ခလရ(၉၈)မှ ဒုတိယဗိုလ်မှူးကြီးသိန်းစောနိုင်၊ မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဝင်ထွန်းနိုင်၊ မအီတိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန်ဒေါက်တာမင်းနိုင်ကျော်နှင့် မအီမြို့ပေါ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မအီမြို့ပေါ်ပြည်သူများနှင့် မအီမြို့ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများက အေးချမ်းပျော်ရွှင်စွာ အတာရေပက်ဖျန်းရေကစားခဲ့ကြပြီး မနက်ဖြန် သင်္ကြန်အတက်နေ့တွင်လည်း ဤသို့ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ စတုဒီသာများကျွေးမွေးခြင်း၊ အေးချမ်းပျော်ရွှင်စွာ အတာရေပက်ဖျန်းကစားခြင်း၊ တောင်ကုတ်မြို့မှ FINGERS  PLUS တီးဝိုင်းဖြင့် ဧည့်ခံသီဆိုဖျော်ဖြေခြင်းများကို စဉ်လာမပျက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီကသိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment