Pages

Pages

သထုံမြို့၊ ဓမ္မဒူတခရမ်းကျောင်းတိုက်၌ (၅၇)ကြိမ်မြောက် ဓမ္မာနုပဿနာ သင်္ကြန်တွင်း တရားစခန်းဖွင့်လှစ်






MNP ၊ ဧပြီ  ၁၅

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ဓမ္မဒူတခရမ်းကျောင်းတိုက်တွင် (၅၇)ကြိမ်မြောက် ဓမ္မာနုပဿနာ သင်္ကြန်တွင်း တရားစခန်းကို တစ်ပတ်ကြာ ဖွင့်လှစ်လျှက်ရှိရာ အေးချမ်းစွာ တရားလာရောက်အားထုတ်သူ များပြားလျှက်ရှိကြောင်း အဆိုပါကျောင်းတိုက်မှ သိရသည်။

တရားလာရောက်အားထုတ်သူများကို ကျေးဇူးတော်ရှင် ဓမ္မဒူတဆရာတော်ကြီး၏ နည်းနာဥပနိဿယများအတိုင်း ဓမ္မဒူတ ခရမ်းကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဉာဏဝရနှင့် သံဃာတော်များက နေ့စဉ် ဟောကြေားပြသပေးပြီး အလှူရှင်များတို့က တရားစခန်းဝင်ရောက်အားထုတ်သူ သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ် ယောဂီများတို့အား ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများတို့ကို လှူဒါန်းခြင်း၊ ဝေယျာဝစ္စကုသိုလ်ယူခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်‌နေကြလျှက်ရှိသည်။

အဆိုပါ တရားစခန်းကို ဧပြီလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်ပတ်ကြာ ဖွင့်လှစ်နေပြီး မြို့နယ်အတွင်းရှိ ရဟန်းရှင်လူ ယောဂီသူတော်စင် ၂၆၆ ဦးတို့ တရားစခန်းဝင်‌ရောက်ကာ ဘာဝနာတရား‌တော်များကို အေးချမ်းစွာ ကျင့်ကြံအားထုတ်ကြလျှက်ရှိကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment