သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက်

 


MNP - ဧပြီ    ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက နှစ်စဉ်ကျင်းပမြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့၊ မြို့မိမြိုဖများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အားလုံးပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း  အလှူငွေလှူဒါန်းမည့် ကိစ္စရပ်များ၊ ဆွမ်း၊ ကွမ်း ဝေယျာဝစ္စကိစ္စရပ်များ၊ လုံခြုံရေးနှင့် ကျန်းမာရေးစသည့် ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများက ဆွေးနွေးပေးစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူးဦးဝေဇင်ထွဋ်မှ ပါဠိပထမပြန် စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်ကို ရှင်းလင်းဖတ်ကြားခဲ့ပြီးနောက် မြို့နယ်ဥပတ္ထမ္ဘက အဖွဲ့ဝင်များဖြစ်သည့် ဦးစိုင်းစိန်လင်း၊ ဦးခင်မောင်ဝင်းတို့က စီမံချက်နှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း၊ မြို့နယ်သာသနာရေး ဦးစီးမှူးမှလည်း စာမေးပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ၂၀၂၂ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို မြို့နယ်သာသနာ့ ဗိမာန်တော်ကြီးတွင် မေလ ၇ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊၂၀၂၁ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များနှင့် ဓမ္မာစရိယစာအောင် သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းမည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကိုလည်း အဆိုပါသာသနာ့ဗိမာန်တော်၌ မေလ ၁၃ ရက်နေ့တွင် တစ်ဆက်တည်းကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီး မှ တာဝန်ရှိသူများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)