MNP ၊ ဧပြီ ၁၇
ကျိုက်ထိုမြို့နယ်တွင် အသက်(၁၅)နှစ်မှ(၁၈)နှစ်ထိ ရှင်သာမဏေများ၊ သီလရှင်များနှင့် ပြည်သူများ ကိုဗစ် ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကိုဗစ်ကာကွယ် ဆေးကို ဧပြီ(၁၇)ရက် မွန်းလွဲ (၁)နာရီတွင် သိမ်ဇရပ်မြို့သစ်ဆင် ကျောင်း နှင့် မွန်းလွဲ (၃)နာရီတို့တွင် ကျိုက်ထိုမြို့နယ် မဟာမယ်ဇယ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ တို့၌ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကျန်းမာရေးဦးစီးဌာန မြိုနယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုး ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဆေးထိုးစုရပ်များအလိုက်ကာကွယ် ဆေး ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost






No comments:
Post a Comment