MNP - ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ စုကြီးထန်းတောရပ်ကွက် မြို့တော်ခန်းမနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများတွင် အသက်(၁၈)နှစ်အထက် ပြည်သူမျးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီအချိန်တွင် ကာကွယ်ဆေး ထိုးပြီးသူ (၂၈၄၉၀၇)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ များနှင့် အသက်(၁၈)နှစ် အထက် ပြည်သူအားလုံး ထိုးနှံပေးလျက်ရှိရာ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၁၆၅၂၄)ဦးနှင့် အသက်(၁၈)နှစ်အထက်ပြည်သူ ပထမအသုတ်တွင် (၁၉၁၇၉)ဦး၊ ဒုတိယအသုတ်တွင် (၂၈၇၃၈)ဦး၊ တတိယအသုတ်တွင် (၅၂၃၇၅)ဦး၊ စတုတ္ထအသုတ်တွင် (၂၇၈၃၂)ဦး၊ ပဉ္စမအသုတ်တွင်(၃၄၂၁၆)ဦး၊ ဆဌမအသုတ်တွင် (၁၁၅၅၆)ဦး၊ သတ္တမအသုတ်တွင် (၁၆၅၄၀)ဦး၊ အဋ္ဌမအသုတ်တွင် (၆၅၅၄)ဦး၊ နဝမအသုတ်တွင် (၅၉၃၀၂)ဦး၊ ဒသမအသုတ်တွင် (၆၈၆၀)ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးပြီးသူ (၅၂၃၁)ဦး စုစုပေါင်း (၂၈၄၉၀၇)ဦး ထိုးနှံပြီး ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် စုကြီး ထန်းတောရပ်ကွက်၊ မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ စသည့် ပြည်သူ့ ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment