Pages

Pages

ပေါင်းတည်မြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်



MNP - ဧပြီ   ၁၁

ပေါင်းတည်မြို့နယ်တွင် ဧပြီ ၈ ရက် ညနေပိုင်းအချိန်က လေပြင်းတိုက်ခတ်ခံရသဖြင့် လေဘေးသင့်ပြည်သူ အိမ်ထောင်စု(၆၃)စု၊ လူဦးရေ(၂၂၂)ဦးတို့အား ပဲခူးတိုင်းဒေသကြီးအစိုး ရဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေ၊ ပြည်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းတို့က အိမ်ဆောက်ပစ္စည်းဘိုး၊ ဆန်ရိက္ခာဘိုးနှင့် ကယ်ဆယ်ရေး ပစ္စည်းမျိုးစုံပါပုံး (၇)ပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ပြီး ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၃၄၀၁၂၀၀)ကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - အေးအေးဆင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment