Pages

Pages

ကျွန်းစုမြို့တွင် မိုးကြိုးကာလ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာမျိုးစေ့များ စိုက်ပျိုး



MNP -  ဧပြီ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးကြိုးကာလ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းလှော်ကျေးရွာအုပ်စု၊ မောင်းလှော်ကျေးရွာ၌ ယမန်နေ့က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မျိုးစေ့များပေးအပ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တောင်သူများအား မျိုးစေ့များ ပေးအပ်ခဲ့ကာ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက တောင်သူများ၏ လယ်မြေများတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကို  ကြဲပက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်း - စည်သူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment