MNP - ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပလိုကြောင်းနှင့် ဗဟိုမဏ္ဍပ်ကို ဆုတောင်းပြည့် ဘုရားရှေ့တွင် ဆောက်လုပ်၍ မုန့်အာဟာရများအား ဌာနဆိုင်ရာအသီးသီးမှ ဧည့်ခံ ကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ပေါင်းစပ်ပါဝင် ဆောင်ရွက်နိုင်ရေး တို့ကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ပြည်သူများ အေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ရေး၊သ င်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များနှင့် အခမ်းအနားပြင်ဆင် ဆောင်ရွက်နိုင်ရေးတို့ကို သက်ဆိုင်ရာ ကော်မတီများအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းအေ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment