Pages

Pages

စစ်ကိုင်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပတ်ခြင်း လက်တွေ့သရုပ်ပြသပေး




MNP -  ဧပြီ  ၁၁

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပတ်ခြင်း လက်တွေ့ပြသခြင်းကို ယမန်နေ့ နံနက်(၈)နာရီက စစ်ကိုင်းမြို့နယ်၊ ကုန်းကျေးရွာ၊ ကွင်းအမှတ် (၈၂၃) တောင်သူ ဦးအောင်နိုင်ဝင်း၏ မိုးစပါးစိုက်ပျိုးမည့်   လယ်ကွက်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

သရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ ကျွေးမည့်နည်းစနစ်များကို ဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ရေရှည်တည်တံ့ သောစိုက်ပျိုးမှုစနစ် ဖြစ်လာစေရန်၊ သွင်းအားစုများ ဈေးနှုန်းမြင့်မားသော်လည်း ကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းသည့် စိုက်ပျိုးရေး ထွက်ကုန်များရရှိစေရန်၊ တစ်ဧကအထွက်နှုန်းတိုးတက်ပြီး လူမှုစီးပွားဘဝတိုးတက်ပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သီးနှံစိုက်ပျိုးမှု အလေ့အကျင့်ကောင်းများ ပြောင်းလည်းကျင့်သုံး စိုက်ပျိုးတက်စေရန်၊ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုးထုတ်လုပ်တက်စေရန်တို့အတွက် ရည်ရွယ်ပြီး ကွင်းသရုပ်ပြသပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့သည်။

အဆိုပါ သရုပ်ပြပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တိုက်နယ်နည်းပညာ ပြန့်ပွားရေးစင်တာများမှ တာဝန်ခံများ၊ ကျေးရွာတောင်သူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဇော်မြင့်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment