လွိုင်လင်မြို့၊ ရတနာစည်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကိဠာနသဘင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့၊ ရတနာစည်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကိဠာနသဘင်ကျင်းပ



MNP ၊ ဧပြီ ၁၆

၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ရတနာစည်ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသီလာနန္ဒ၏ အန္တိမအဂ္ဂိ ဈာပနသာဓုကိဠာနသဘင်အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်း တိုက်၌ ပြုလုပ်ရာ လွိုင်လင်မြို့၊ သာသနာဝိပုလ္လဓာတ်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေါက်တာ ပညာနန္ဒ အမှူးပြုသော ဆရာတော်/သံဃာတော်များ ကြွရောက် တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာသူများက သာသနာဝိပုလ္လဓာတ်တော် ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက “အနိစ္စာဝတ သင်္ခါရ” စသောဂါထာကို သုံးကြိမ်ရွတ်ဖတ်ပူဇော် မရဏနုတ် သတိကမ္မာ ကျမ်း စီးဖျန်းကြသည်။ ထို့နောက် လွိုင်လင်မြို့၊ ရတနာစည်ကျောင်းတိုက်မှ ဘဒ္ဒန္တ ဝိဇယာနန္ဒ က ဆရာတော်ဘုရားကြီး၏ “ထေရုပ္ပတ္တိ” စာတမ်းလွှာကို ဖတ်ကြားတော်မူ ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ် လွှာကို တောင်ကြီးမြို့ မဟာဓမ္မိကာရာမကျောင်းတိုက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဝိဇယာနန္ဒာဘိဝံသ က ဖတ်ကြားတော်မူသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာသူများက ဆရာတော်/ သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

၎င်းနောက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို လောင်တိုက်ပေါ်သို့ အစီအစဉ်တိုင်း ပင့်ဆောင်ကြသည်။ ဆက်လက်၍ ဆရာတော်/သံဃာတော်များက “အနိစ္စာဝတ သင်္ခါရ” အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဖတ်ပူဇော်ကြပြီး သာသနာဝိပုလ္လဓာတ်တော် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ပညာနန္ဒမှ မီးပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)