ဘူးသီးတောင်မြို့နယ်၌သောက်သုံးရေရှားပါးလျက်ရှိသောကျေးရွာများသို့ရေဂါလံ ( ၁၆၀၀)ခန့်ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်၌သောက်သုံးရေရှားပါးလျက်ရှိသောကျေးရွာများသို့ရေဂါလံ ( ၁၆၀၀)ခန့်ဖြန့်ဝေပေး






MNP ၊ ဧပြီ ၂၉

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ဝန်ထမ်းများသည်ယမန်နေ့က ဘူးသီးတောင်မြို့နယ်ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်းကျေးရွာ၌မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ယာဉ်ဖြင့်ရေဂါလံ ( ၁၆၀၀)ခန့်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ် ဒုံးသိမ်းကျေးရွာရှိသောက်သုံးရေကန်များမှာယခင်နှစ်များတွင် ခန်းခြောက်မှုမရှိဘဲ ယခုနှစ်တွင်ခန်းခြောက်လာသောကြောင့် သောက်/ သုံးရေရှားပါးပြတ်လပ်မှုကိုရှိပြီးသိမ်းကျေးရွာတွင်အိမ်ထောင်စု (၆၃)စု၊ လူဦးရေ (၂၇၅)ဦးရှိကြောင်းသိရသည်။

 ဘူးသီးတောင်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် သောက်သုံးရေရှားပါးလျက်ရှိသောကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်းကာရေပေးဝေရေးလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးထွန်းလှိုင်မှသိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)