ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဟိုပုံးမြို့နယ် ကုန်းကျိုင်းကျေးရွာအုပ်စုတွင် နွေစပါး စတင်စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဟိုပုံးမြို့နယ် ကုန်းကျိုင်းကျေးရွာအုပ်စုတွင် နွေစပါး စတင်စိုက်ပျိုး





MNP - ဧပြီ    ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကုန်းကျိုင်းကျေးရွာအုပ်စုတွင် နွေစပါးစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ် ကုန်းကျိုင်းကျေးရွာအုပ်စု နွေစပါးစတင်စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေအတွက် နမ့်မဲသာဆည်မှ ဆည်ရေသောက်စနစ်ဖြင့် အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ကုန်းကျိုင်း ကျေးရွာတွင် စိုက်ပျိုးသည့် နွေစပါးမျိုးများမှာ  အထွက်နှုန်းကောင်းမျိုးဖြစ်သည့် DU-16 နှင့် ဒေသမျိုး များဖြစ်သည့်ရွေး၊ ခေါက်ပုံးလုံ၊ ‌ရွှေဝါထွန်းမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဟိုပုံးမြို့နယ်၌ ယခုနှစ်တွင် နွေစပါးစိုက်ဧက(၁၂၀၀)ရှိပြီး နွေစပါးစိုက်ပျိုးသည့် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များနှင့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေး ဆွေးနွေပွဲနှင့် သင်တန်းများဆောင်ရွက်‌ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)