Pages

Pages

နိုင်ဂျီးရီးယား၌ တရားမဝင် ရေနံချက်စက်ရုံ ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၀၀ ကျော်သေဆုံး


အဘူဂျာ၊ ဧပြီ ၂၄ 

ဧပြီ ၂၂ ရက် ညပိုင်းက နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း Imo နှင့် Rivers ပြည်နယ် စပ်ကြားဒေသရှိ တရားမဝင် ရေနံချက်စက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားအရာရှိက ဧပြီ ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ပေါက်ကွဲမှုဖြစ်ပွားသည့် တရားမဝင် ရေနံချက်စက်ရုံသည် Imo ပြည်နယ် Egbema ခရိုင်နှင့် Rivers ပြည်နယ် စပ်ကြားရှိ တောအုပ်တစ်ခုအတွင်းတည်ရှိကြောင်း နှင့် ပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း Imo ပြည်နယ်၏ ရေနံအရင်းအမြစ် စီမံခန့်ခွဲရေးဌာန အကြီးအကဲ Goodluck Nanah Opiah က ပြောကြားခဲ့သည်။ Imo ပြည်နယ်အစိုးရက ရေနံချက်စက်ရုံလုပ်ငန်းရှင်အား ဖမ်းဆီးရန် ခွင့်ပြုမှုမိန့် ထုတ်ပြန်ထားပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မှောင်ခိုဂိုဏ်းများက ရေနံပိုက်လိုင်းမှ ခိုးယူလာသည့် ရေနံစိမ်းများကို ယင်းရေနံချက်စက်ရုံက ဝယ်ယူ၍ တစ်ဆင့်ပြန်ချက်လုပ်နေခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်ပွားရာနေရာအနီးရှိ ခရိုင်မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိတွင် ရုပ်အလောင်း ၁၀၈ လောင်း တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment