Pages

Pages

သရက်ချောင်းမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက် စိုက်ပျိုးပွဲကျင်းပ



MNP - ဧပြီ   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်၊ ကွင်းအမှတ်(၃၇၆BN)၊ ဦးပိုင်(၂၄)ရှိ တောင်သူ ဦးကျော်မြင့်၏ လယ်မြေတွင် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ကောင်းမွန်စေရန်အတွက် ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပက် စိုက်ပျိုးပွဲအား ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်ဇင်နှင့် သရက်ချောင်းမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြပြီး သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကို လယ်မြေထဲသို့ ကြဲပက်စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာ အာဟာရဖွံ့ဖြိုးတိုးတက်ပြီး သီးနှံပင်များ အထွက်နှုန်းတိုးတက်ပါကြောင်း၊ ဓာတ်မြေဩဇာဈေးနှုန်း မြင့်မားနေချိန်တွင် သဘာဝမြေဩဇာ ဖြစ်သော သစ်စိမ်းမြေဩဇာ၊ အီးအမ်ဘိုကာရှီမြေဆွေးပုံ၊ တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများကို လယ်မြေထဲသို့ ထည့်သွင်းခြင်းဖြင့် မြေဆီလွှာအာဟာရဓာတ်ဖွံ့ ဖြိုးတိုးတက်ပြီး သီးနှံအတွက် အကျိုးကျေးဇူးများ ရရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကို လယ် (၁) ဧကလျှင် (၄)ပြည်နှုန်းကြဲပက စိုက်ပျိုး ရမှာဖြစ်ပြီး တစ်ပြည်လျှင် ကျပ်(၂၅၀၀)ဖြင့် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

သတင်း  - နန်းခလိုက်

မြန်မာနေရှင်နယ်ပို့စ့်

No comments:

Post a Comment