ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ ရေဂါလံ ၈၀၀၀ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ ရေဂါလံ ၈၀၀၀ လှူဒါန်း



MNP - ဧပြီ   ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာများသို့ ဧပြီ၂၅ရက်၊ နံနက်၈နာရီအချိန်မှစတင်ပြီး သောက်သုံးရေဂါလံ(၈၀၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း အကျိုး ဆောင်များထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ရွာသစ်တောင်ကျေးရွာ၊ စံပြကျေးရွာ၊ အုတ်လှေကျေးရွာ၊ ပျဉ်တိုင်းကျေးရွာနှင့် ညောင်တို တဲတိုက်တို့အတွက် ကျေးရွာတစ်ရွာလျှင် ရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦး မြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုသောက်သုံးရေ လှူဒါန်းသည့် ကျေးရွာငါးရွာအတွက် သောက်သုံးရေဂါလံ ၈၀၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ(၁၅၆၆၆၀) ဂါလံညောင်ဦး မြို့နယ်သောက်သုံးရေလိုအပ်နေသော ကျေးလက်နေ ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)